မန္တလေးတက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ  ၂၉

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ်၊ အင်းဝ(၉)ခန်းမ၌ (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ဆုချီးမြင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မန္တလေးတက္ကသိုလ် ဒု-ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနီနီအောင်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် မန္တလေးတက္ကသိုလ် သမိုင်းဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာကျော်ဆွေညွန့်မှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများအား ဟောပြောခဲ့ပြီး တာဝန်ရှိသူများမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊စာစီစာကုံးပြိုင်တွင် ဆုရကျောင်းသား/သူများအားလည်းကောင်း၊ ၂၀၂၃ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ကဗျာပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား/သူများအား လည်းကောင်း၊ (၂၄)ကြိမ်မြောက် မြန့်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊အတီးပြိုင်ပွဲ ပထမဆုရရှိသူ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသူ၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်အသိ ပညာပေး စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ကမ္ဘာ့ခရီးသွား အထိမ်းအမှတ် အင်္ဂလိပ်စာစီစာကုံးပြိုင်ပွဲ တွင် ဆုရရှိသော ကျောင်းသား/သူများအား မန္တလေးတက္ကသိုလ် တာဝန်ရှိသူများမှ ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဒု-ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ နီနီအောင်၊ ဒု-ပါမောက္ခချုပ် ဒေါက်တာ ဒေါ်သဇင်တွဲဖက်ပါမောက္ခများ၊ သမိုင်းဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာ‌ ကျော်ဆွေညွန့်၊ ပါမောက္ခဌာနမှူးများ၊ ကွန်ပျူတာသိပ္ပံဌာနမှူးများ၊   မန္တ‌လေးတက္ကသိုလ် ဆရာ/ ဆရာမများ၊‌ ကျောင်းသား/သူများ၊ သင်ကြားစီမံ ဌာန‌ပေါင်းစုံဝန်ထမ်းများ စုစုပေါင်း(၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း