အခြေခံပညာအထက်တန်းကျောင်းများသို့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ပန်းတောင်း  ဒီဇင်ဘာ  ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက၊ ကျောင်းသား/ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်စေရန်အတွက်၊  (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို၊ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်းသိရသည်။(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ ဖြန့်ဝေခြင်းဖြစ်ပြီး၊ အဆိုပါ လက်ကမ်းစာစောင်တွင် “ ပြည်တွင်းစည်းလုံးညီညွတ်မှုကာသာလျှင် အဓိကအကျဆုံးဖြစ်” ခေါင်းစဉ်ပါဥယျောဇဉ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅)ရပ်၊ အမျိုးသား ညီညွတ် ရေးနှင့်ပတ်သက်သည့် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ၂၀၂၃ ခုနှစ်၊ ဇန်းနဝါရီ(၃)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ မြန်မာနိုင်ငံသားတို့၏ မွေးရာပါတာဝန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာပါ ငြိမ်းချမ်းရေးနှင့် လွတ်လပ်၍ တရားမျှတမှုရှိသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေး နှင့်ပတ်သက်သည့်ကူပြုမည့် စာစောင်ငယ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်အား၊ မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်နှင့် ကောက်နုတ်ချက်များ၊ ကဗျာနှင့် ကာတွန်းများ ပါဝင်ပြီး ကျောင်းသားလူငယ်များအတွက် လွတ်လပ်ရေးသမိုင်းဆိုင်ရာ အထောက်အဝန်ထမ်းများက အမှတ်(၁) အ.ထ.ကတွင် စောင်ရေ (၁၂၅)စောင်၊ အမှတ်(၂) အ.ထ.က တွင် စောင်ရေ(၁၂၅)စောင် စုစုပေါင်းစောင်ရေ(၂၅၀) ဖြန့်ဝေပြီး၊ မြို့နယ်ဦးစီးမှူးက လွတ်လပ်ရေး ရရှိအောင် နိုင်ငံခေါင်းဆောင်များ အသက်သွေးချွေး ရင်းနှီး၍  ဆောင်ရွက်ခဲ့ရသည့် သမိုင်း အကျဉ်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)