လှည်းကူးမြို့နယ်၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား ဧည့်မထဆန်များ ထောက်ပံ့ပေးအပ်

လှည်းကူး  ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်  မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်လစာငွေများကို လစဥ်ပုံမှန်ထုတ်ပေးလျက်ရှိပြီး ပင်စင်လစာလာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ယနေ့နံနက်ပိုင်းက ဧည့်မထ(ကောင်း)ဆန်များကိုတာဝန်ရှိသူများက သွားရောက်ကာ ထောက်ပံ့ပေးအပ်သည်။

အခြေခံစားသောက်ကုန်ပစ္စည်းထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲထွန်းနောင်နှင့်အဖွဲ့ဝင်များက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(၃၁)ဦးအား တစ်ဦးလျှင်ဧည့်မထ(ကောင်း)ဆန် (၅)ပြည်အိတ် တစ်အိတ်နှုန်းဖြင့် စုစုပေါင်း(၃၁)အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)