ကျောက်တံတား အောက်တိုဘာလ၂၇
ကျောက်တံတားမြို့နယ် ၃၈ လမ်းရှိ Community Based Facility Quarantine Center (ပြည်သူအခြေပြု အသွားအလာ ကန့်သတ် စောင်ကြည့်နေရာ သို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ကုသထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး အတွက်အလှူငွေနှင့်ပစ္စည်းများကို မြို့နယ်အတွင်းရှိပြည်သူများ၊နှင့်အလှူရှင်စေတနာ ရှင်များမှနေ့စဉ် လာရောက်လှူဒါန်းပေးလျက်ရှိရာယမန်နေ့ နေ့လယ်ကအ.ထ.က(၆)ဗိုလ်တစ်ထောင် ကျောင်းသားဟောင်းများအဖွဲ့က Quarantine Centre အတွက် Pandora ဆေးဖြန်းပုံး (၁)ပုံး၊ N 95 Mask (၃)ဗူး၊ကိုယ်အပူချိန်တိုင်းစက် (၁)ဘူး၊ခေါင်းစွပ်(၅)ထုပ်တို့အား လာရောက်လှူဒါန်းပေးအပ်ခဲ့ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်နှင့်အဖွဲ့က လက်ခံ ရယူခဲ့ကြောင်း သိရသည်။
ထို့ပြင်We Love Yangon(Kyauktada)Group က Milo (3 in 1)(၁)ပါကင်တို့ကိုလာရောက်လှူဒါန်းခဲ့ရာ Community Based Facility Quarantine Centre မှတာဝန်ရှိသူများကလက်ခံရယူခဲ့ ကြောင်းသိရသည်။
ရွှေနန်းမေ