ကျိုက်မရော အောက်တိုဘာ ၂၇
မော်လမြိုင်ခရိုင်၊ကျိုက်မရောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲ အတွက် ဒုတိယအကြိမ်ကြိုတင်ဆန္ဒမဲ လက်မှတ်မှတ်အား စစ်ဆေး၍ ပါတီကိုယ်စားလှယ်များ ရှေ့မှောက်တွင်ထည့်သွင်းပြီးလုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လည် ၁၁နာရီခန့်ကမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းရှင်နှင့်ကော်မရှင်မှ တာဝန်ရှိ သူများကမြို့နယ် စေ့စပ်ညှိနှိုင်းရေးကော်မတီများနှင့်အတူပွင့်လင်းမြင် သာမှုရှိစေရန်မဲ ဆန္ဒ နယ်ပြင်ပရောက်ကြိုတင်မဲပေးနိုင်သည့်မဲဆန္ဒ ရှင်များဒုတိယအကြိမ်ကြိုတင်မဲပေးနိုင်ရေး အတွက် ရောက်ရှိလာသော ဆန္ဒမဲလက်မှတ်စာအိတ်များအားလုံခြုံစွာ ထည့်သွင်းထားရှိရေး အတွက် ပါတီကိုယ်စားလှယ်များ၏ ရှေ့မှောက် တွင်လုံခြုံရေးကြိုးဖြင့်ချိတ်ပိတ်ဆောင်ရွက်ခ သည်။
ကျိုက်မရောတွင် အောက်တိုဘာ၂၉ရက်နေ့မှစ၍နိုဝင်ဘာ ၅ရက်နေ့ မနက် ( ၈) နာရီ မှညနေ(၆)နာရီအထိကြိုတင်ဆန္ဒမဲ ပေးနိုင်ကြောင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး မှ သိရ သည်။
ချို မြတ်မြတ်ထွေး( ပြန်/ ဆက်)