မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ မဲရုံးမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက် ပွဲဆိုင်ရာသင်တန်းဖွင့်လှစ်

ဘီးလင်း အောက်တိုဘာ ၂၇

သထုံခရိုင် ဘီးလင်းမြို့နယ်၌ ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌တာဝန်ထမ်းဆောင်ကြမည့် မဲရုံးမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ကဇိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှမြင့်လေးက ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကိစ္စရပ်များနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတွင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင် သင်တန်းနည်းပြ ၆ ဦးတိ့ကဘီးလင်းမြို့နယ်အတွင်းမဲရုံများတွင် တာဝန်ထမ်းဆောင်ရမည့် မဲရုံးမှူး၊ ဒုတိယမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်တို့၏ တာဝန် နှင့်ဝတ္တရားများ၊မဲရုံမှူးများ အသုံးပြုရမည့်ပုံစံများ၊ ကျန်းမာရေး စံနှင့်အညီ မဲရုံခင်းကျင်းခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများ၊ပုံစံ ( ၁၆ ) ရေးသွင်းခြင်းနှင့် ခိုင်လုံမဲ၊ ပယ်မဲနမူနာပုံစံများ၊ကိုဗစ် - ၁၉ ရောဂါကာဥွယ်ရေးအတွက် မဲရုံတာ ဝန်ရှိသူများနှင့် မဲပေး သူများလိုက်နာရမည့်စည်ကမ်းများစသည့်မဲရုံဆိုင်ရာ လုပ်ငန်းစဉ်များကို စာတွေ့လက်တွေ့ သင်ကြား ပိုချသွားမည်ဖြစ်သည်။

ဘီးလင်းမြိ့နယ်တွင် မြို့ပေါ် ၅ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၅၀ ၌ စုစုပေါင်း မဲဆန္ဒရှင် ၁၅၀၀၀၀ ခန့်ရှိပြီးမဲရုံပေါင်း ( ၈၂ ) ရုံဖြင့်ရွေးကောက်ပွဲကိုကျင်းပပြုလုပ်သွားမည်ဖြစ်သည်။အဆိုပါမဲရုံ ( ၈၂ ) ရုံတွင် တာဝန်ထမ်းဆောင်မည့်မဲရုံးမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် ( ၁၉၄၂ ) ဦးရှိရာ ယနေ့ဖွင့်လှစ်သည့်သင်တန်းတွင် မဲရုံးမှူး၊ ဒုတိယမဲရုံမှူး (၈၄) ဦးတို့အား ပထမအကြိမ် သင်ကြားပို့ချပေးမည်ဖြစ်ပြီးအောက်တိုဘာ ၂၇ ရက်နေ့တွင်ဇုတ်သုတ် ကျေးရွာအထက်တန်း ကျောင်း ၌ဆက်လက်ပို့ချပေးသွားမည်ဖြစ်သည်။

ထူးနောင် (ပြန်/ဆက်)