သပိတ်ကျင်း အောက်တိုဘာလ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများကို သပိတ်ကျင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက်ပိုင်းက Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခဲ့သည်။
သပိတ်ကျင်းမြို့နယ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများအား သင်တန်းကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သင်တန်းဖွင့်လှစ်ထားရှိရာ သင်တန်းတက်ရောက်နေသော အထူးရဲ (၁၀၁) ဦးတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ နှာခေါင်းတို့ဖတ်များ ရယူစစ်ဆေးပေးခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။
စိုးနိုင်ဝင်း(ပြန်/ဆက်)