သင်္ဃန်းကျွန်းမြို့နယ်တွင် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

ရန်ကုန် ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က အိမ်သုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အိမ်သုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်က မိသားစုတပိုင်တနိုင်လုပ်ငန်းများမှတဆင့် အပိုဝင်ငွေရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်စေရန်၊ ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးကုန်ကြမှုသက်သာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဆပ်ပြာဆီဖော်စပ်မည့်ပစ္စည်းများ၏ အကျိုးအာနိသင်နှင့် ဆိုးကျိုးများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အိမ်သုံးဆပ်ပြာဆီပြုလုပ်ပုံ၊ ပြုလုပ်နည်းအဆင့်ဆင့်ကို ပြုလုပ်ပြသရာ သင်တန်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သား၍ ကိုယ်တိုင်ပါဝင် လက်တွေ့ပြုလုပ်ဆောင်ရွက်ကြကာ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ အိမ်သုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို သင်တန်းဆရာမ ဒေါ်ခင်ဝင်းကြည်က စိတ်ပါဝင်စားသူ သင်တန်းသား/ သူ(၂၀)ဦးအား အခမဲ့သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)