ဝမ်းတွင်းမြို့နယ် သဖန်းကျေးရွာရှိ အထည်လိပ်လုပ်ငန်းများတွင် မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းများ ကွင်းဆင်းဆောင်ရွက်

ဝမ်းတွင်း ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက သဖန်းကျေးရွာရှိ အထည်လိပ်လုပ်ငန်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဝမ်းတွင်းမြို့နယ်အတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများနှင့်ပတ်သက်၍ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်းများကို အသိပညာပေးဆွေးနွေးခြင်း၊ ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းထံမှ သိရသည်။

ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး အသိပညာပေးစစ်ဆေးအကြံပြုခြင်းများကို သဖန်းကျေးရွာရှိအထည်လိပ်လုပ်းငန်းများ ဆောင်ရွက်နေသည့် အလုပ်ရုံတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)