လှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဂဝံခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

လှည်းကူး ဒီဇင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မွမ်းမံရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော သနပ်ပြင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဂဝံခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂဝံခင်းခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ မေလ(ပထမပတ်)တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သနပ်ပြင်ကျေးရွာတွင် မွမ်းမံရန်ပုံငွေကျပ် (၁၃.၄၄)သန်းဖြင့် (အရှည် ၁၁၀၀ ပေ၊ အကျယ်  ၁၀ ပေ၊ ထု ၉ လက်မ)ကုန်ထုတ်ဂဝံလမ်းခင်းခြင်းသည် ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။

အဆိုပါ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးမှုကြောင့် သနပ်ပြင်ကျေးရွာရှိ လယ်ယာစိုက်ပျိုးမြေ (၄၀၀)ဧကမှ ထွက်ရှိသော ထွက်ကုန်သီးနှံများအား စျေးကွက်သို့ အချိန်မှီတင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်လာမည်ဖြစ်ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)