သားဖွားသင်တန်းကျောင်း (ပြင်ဦးလွင်) သစ်လွင်သားဖွားခန့်အပ်လွှာပေးအပ်ခြင်း အခမ်းအနားကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ ၁၉

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်မြို့) သစ်လွင်သားဖွား အလုပ်ခန့်အပ်လွှာပေးအပ်ခြင်း အခမ်းအနားကို  ယနေ့နံနက် (၉) နာရီက  ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)ရှိ  မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ / ဆရာမများနှင့် သင်တန်းဆင်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းအိက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာကျော်သူလင်းမှ  သားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်) သစ်လွင်သားဖွားဆရာမများအား သင်တန်းဆင်းသွားပြီး နောက်လက်တွေ့ လေ့လာသင်ယူခဲ့တဲ့ ပြည်သူ့ဆေးရုံကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျောင်းတော်ကြီးမှ သင်ကြားခဲ့တဲ့ စာတွေ့လက်တွေ့များကိုအခြေခံပြီး ပြည်သူများအပေါ်မှာ စေတနာ၊ ဝါသနာ၊ အနစ်နာများနဲ့ပြုစု စောင့်ရှောက်ပေးကြရန်၊ သစ်လွင်သားဖွား ခန့်အပ်လွှာအပ်နှင်းခြင်းခံယူပြီးချိန်မှစ၍  ဘက်စုံတော်အောင်ကြိုးစားကြပါရန်၊ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခြင်း  ခေတ်မှီတိုးတက်နေတဲ့ ဆေးပညာရပ်များကို ဆက်လက်လေ့လာကြပါရန်၊ နိုင်ငံတော်က အားထားရတဲ့ ဘက်စုံသွားဖွားဆရာမကောင်းများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပြီး  ဆုံမဩဝါဒစကားမြွက်ကြားခဲ့သည်။

ဆက်လက်ပြီး တာဝန်ရှိသူများမှ သစ်လွင်သားဖွား အလုပ်ခန့်အပ်လွှာများအား သားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်)မှ သစ်လွင်သားဖွားဆရာမ(၂၀)ဦးထံသို့ အသီးသီးပေးအပ်ခဲ့ကြပြီး သစ်လွင်သားဖွားဆရာမများအားလုံး ကိုယ်စားသင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)