တန့်ယန်းမြို့နယ်တွင် ဆောင်းရာသီဒေသထွက် နာနတ်သီးများ ရောင်းအားကောင်း

တန့်ယန်း ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရာသီဥတုကောင်းမွန်ခြင်းကြောင့် ဆောင်းရာသီ ဒေသထွက်နာနတ်သီးများ စတင်ပေါ်လာသည့်အတွက် ရောင်းအားကောင်းလျက်ရှိခြင်းကြောင့် နာနတ်စိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒေသထွက် နာနတ်သီးများကို ယခုအခါ စျေးကွက်ရှိလာခြင်း၊ မိသားစုဝင်ငွေရရှိလာခြင်းတို့ကြောင့် စီးပွားဖြစ်အနေဖြင့် သဘာဝမြေသြဇာကိုသာ အသုံးပြုစိုက်ပျိုးကြရာ ယခုနှစ်တွင် အရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် တစ်ထောင်မှ နှစ်ထောင်ကျပ်အထိ စျေးကောင်းရရှိပြီး မြို့ကြီးများရှိ ပွဲရုံများနှင့် သစ်သီးအရောင်းဆိုင်များသို့ပါ တင်ပို့ရောင်းချနေလျက်ရှိကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)