တိုက်ကြီးမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ခရိုင်အဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

တိုက်ကြီး  ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ခရိုင်အဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ခရိုင်ပညာရေးမှူးရုံး ပညာရတနာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ စာစီစာကုံး၊ ကဗျာ၊ ကျပန်း စကားပြောပြိုင်ပွဲများကို ကျင်းပရာ စာစီစာကုံးပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့် ကျောင်းသားကျောင်းသူ ၂၆ ဦး၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးတို့က ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

အဆိုပါ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ခရိုင်အဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများသည် ရန်ကုန်တိုင်းဒေသကြီးအဆင့် ဆက်လက်ယှဥ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)