မိုးနဲ ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ မိဘ/ဆရာတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း ပုလဲဆောင်ခန်းးမ၌ ကျင်းပပြုလုပ်ရာ အ.ထ.က-မိုးနဲရင်သွေးငယ်လေးများ၏ အကပဒေသာဖြင့် အခမ်းအနားဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ အ.ထ.က-မိုးနဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲဆိုင်ရာကိစ္စရပ်များနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်သင်၊ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပနိုင်ရေးနှင့် ၂၀၂၃-၂ဝ၂၄ ကျောင်းဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဘဏ္ဍာရေးမှူး ဦးဇော်မင်းဦးက လည်းကောင်း၊ ကျောင်းဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ မိဘဆရာအသင်းအတွင်းရေးမှူး ဆရာဦးကျော်စိုးမိုးစိန်ကလည်းကောင်း၊ ၂၀၂၄ ခုနှစ် မတ်လအတွင်း စစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ Grade-12 အတန်းပိုင်ဆရာမ ဒေါ်သီသီထွန်းကလည်းကောင်း ၊၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ဆေးမည့် Grade-9 အလယ်တန်းပြီးမြောက်ကြောင်း စာမေးပွဲနှင့်ပတ်သက်၍ Grade-9 အတန်းပိုင် ဆရာမ ဒေါ်ကြူကြူဝင်းကလည်းကောင်း၊ ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ဆေးမည့် Grade-5 မူလတန်းပြီးမြောက်ကြောင်း စာမေးပွဲနှင့်ပတ်သက်၍ Grade-5 အတန်းပိုင်ဆရာမ ဒေါ်သင်းသင်းနိုင် ကလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသားမိဘများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပြန်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)