ရန်ကုန် အောက်တိုဘာ ၂၆
ဗဟန်းမြို့နယ်တွင် COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine Centre များတွင် ထားရှိခဲ့ရာယခု အခါတွင်ဗဟန်းမြို့နယ် Facility Quarantine Centre အဖြစ်ဦးချစ်မောင်လမ်းရှိ၊ ကျိုက္ကဆံ ဘတ်စကတ်ဘော အားကစားရုံ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းများတွင်ထားရှိခဲ့ပြီးဖြစ်ပါသည်။
အဆိုပါ Quarantine Centre များတွင် အသုံးပြုရန်အတွက် အလှူငွေများနှင့်အလှူပစ္စည်းများပေးအပ် လှူဒါန်း ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ၊ အလှူရှင်ရွှေမင်းဝံဆရာတော်ကြီး၏ တပည့်များဖြစ်ကြသည့် ဦးမင်းဆန်း၊ ဇနီးဒေါ်ခွါဖြူ၊ သမီးဇွန်ပွင့်ဖြူ၊ သားဗညာဆန်း၊ ရွှေတံစဥ်ပိုးထည်တိုက်မိသားစုကကျပ် ငါးဆယ့်ရှစ်သိန်း တန်ဖိုးရှိအရေးပေါ် အောက်စီဂျင်စက် (Oxygen Concentrator 5L) ၁၀လုံး၊ အလှူရှင်ဦးမြင့်စိုး (တော်ဝင်မြင့်မြတ် သူကုမ္ပဏီ)၊ ဗဟန်းမြို့နယ်နာရေးကူညီမှု အသင်းနာယက၊ မှအလှူငွေကျပ်တစ်ဆယ့် တစ်သိန်း၊ ဦးခင်မောင်မြင့်၊ ဇနီးဒေါ်ဝေဝေ(One 62 Residence) မှအလှူငွေကျပ်ဆယ်သိန်း၊ဗဟန်းမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ လူမှုဝန်ထမ်းဦးစီးဌာနက၊ အလှူငွေကျပ် ငါးသိန်း သုံးသောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကအလှူငွေကျပ်ငါးသိန်း၊ အလှူရှင်ဦးမြင့်လွင်၊ဇနီး ဒေါ်နုနုယဥ် မီးမသိမ့်မီမီသော၊ မယွန်းမီမီအောင်၊ သားမောင်မင်းသန့်ကို၊ မိသားစု၊ ငါးထပ်ကြီးတောင်က အလှူငွေကျပ်လေး သိန်းရှစ်သောင်း၊မြို့နယ်စည်ပင်သာယာရေး ကော်မတီ(ရေသန့်ဌာန)မြို့နယ် တာဝန်ခံ ဒေါ်ခင်စန်းယုက အလှူငွေကျပ်သုံးသိန်း၊ ဒေါ်တင်တင်ဌေး (Rose Villa Residence)ကအလှူငွေကျပ်နှစ်သိန်း၊ ကွယ်လွန်သူ ဖခင်ကြီး ဦးတင်အုန်းအားရည်စူး၍ ကျန်းရစ်သူမိသားစု ဆရာစံမြောက်/အနောက်၊ အနောက် ဗဟိုလမ်းက အလှူငွေ ကျပ်နှစ်သိန်း၊ ကွယိလွန်သူဦးမျိုးဝင်းအားရည်စူး၍ ဒေါ်မြင့်မြင့်ခင်မိသားစုက အလှူငွေကျပ် တစ်သိန်း၊ မိခင်ကြီးဒေါ်နုနုအေးအားရည်စူး၍ မြသီတာသင်္ကန်းတိုက် မိသားစုကအလှူငွေ ကျပ်တစ်သိန်းတို့အား လာရောက်ပေးအပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါအလှူငွေများပေးအပ် လှူဒါန်းပွဲသို့၊ ဗဟန်းမြို့နယ် Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနာယကများဖြစ်သော၊ ဗဟန်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဘမျိုးသိန်း၊ ကော်မတီဥက္ကဌဦးစိန်ကြည်၊ (မြို့နယ်အုပ်ချုပ်ရေးမှူး) မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌဦးဝင်ဗိုလ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဦးဇော်လွင်နှင့် ကော်မတီ အဖွဲ့ဝင်များကလက် ခံရယူခဲ့ကြောင်းသိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)