လှည်းကူး ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇရပ်ကွင်းကျေးရွာတွင်၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း VDP စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးနှင့် စီမံကိန်းတာဝန်ခံအင်ဂျင်နီယာအဖွဲ့တို့က ဇရပ်ကွင်းကျေးရွာတွင် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း VDP စီမံကိန်း ရန်ပုံငွေကျပ် သိန်း ၁၅၀၊ ပြည်သူလူထုထည့်ဝင်ငွေကျပ် သိန်း ၁၀၀ တို့ဖြင့် ဆောင်ရွက်လျက်ရှိသော (အရှည် ၁၂၅၀ ပေ၊ အကျယ် ၈ပေ၊ ထု ၆ လက်မ )ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)