ချမ်းမြသာစည် ဒီဇင်ဘာ ၁၄
ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)နှင့် ပြည်သူစာကြည့်တိုက်တွင် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိသင့်သိထိုက်သည်များကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား/သူများ စာပေနှင့်ထိတွေ့၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဥာဏ်ရည်ဥာဏ်သွေးများ ထက်မြက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အစုအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရှိလာစေရန်နှင့် သွက်လက်ထက်မြက်သော ကလေးများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို "လွတ်လပ်ရေးအမွေ" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများကို ဆက်လက်ကျင်းပရာ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က ပြိုင်ပွဲစည်းကမ်းများနှင့် ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမှတ်(၃၁) အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူ (၃၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများကျင်းပပြီးနောက် ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဒုတိယဦးစီးမှုး ဒေါ်မြင့်ကေသွယ်ခိုင်တို့က ဆုရရှိသော ကျောင်းသား/သူများကို ပုံဆွဲစာအုပ်၊ ကျောင်းသုံးဗလာစာအုပ်နှင့် ရောင်စုံခဲတံဗူးများ အမှတ်တရလက်ဆောင်အဖြစ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့