နောင်ချို အောက်တိုဘာ ၂၆
ကျောက်မဲခရိုင် ၊ နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဦးစိုးလွင်+ဒေါ်အေးမွန်(ရွှေဆိုင်) မိသားစုက ယမန်နေ့ ၉နာရီအချိန်က ပါဟတ် ရပ်ကွက် ဓမ္မာရုံ၌ အခြေခံစားကုန် ဖြစ်သော ဆန်များထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ရာတွင် အလှူရှင်၏လှူဒါန်းမှုများဖြင့် ပရဟိတအဖွဲ့များက ပါဟတ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၁၀၀) အား တစ်အိမ်ထောင်လျှင် ဆန် (၆) ပြည်နှုန်းဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လူစုလူဝေးမဖြစ်စေရေးအတွက် စနစ်တကျ ထောက်ပံ့ပေးခဲ့ကြသည်။
နောင်ချို့မြို့နယ်တွင်ကိုဗစ်-၁၉ကာလအတွင်း အခြေခံလူတန်းစားအိမ်ထောင်စုများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှအထောက်အပံ့ရစေရန်ရည်ရွယ်၍ အလှူရှင် များက စေတနာထက်သန်စွာဖြင့် စဉ်ဆက်မပြတ် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်၊နောင်ချို ပြန်/ဆက်