ဇမ္ဗူသီရိမြို့နယ်၌ မဲရုံမှူး၊ ဒုတိယ မဲရုံမှူး သင်တန်းဖွင့်လှစ်

 

ဇမ္ဗူသီရိ အောက်တိုဘာ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဉက္ကဌ ဦးကျော်ငြိမ်းက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် များကို ရှင်းပြသည်။

ဇမ္ဗူသီရိမြို့နယ်တွင် ရပ်ကွက် (၁၂) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂) အုပ်စုရှိပြီး စုစုပေါင်းမဲရုံ (၄၅) ရုံဖွင့်လှစ် သွားမည်ဖြစ်ကာ မဲရုံများတွင် မဲရုံမှူးနှင့် ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသားဆရာ/ဆရာမ (၉၀) ဦးအား ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ အခန်း (၃) ခန်းခွဲ၍ သင်ကြား ပို့ချပေး ခဲ့ကြောင်း သိရှိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)