မန္တလေး ဒီဇင်ဘာ ၁၄
ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ဒေါက်တာအောင်ကြီး ရေးသားသည့် သီချင်းလူ ပုံပြင်လူ ငြိမ်းချမ်းလူ စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ညောင်ဦးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်များကို ရှင်းလင်း ဆွေးနွေးပြီး Book Club အသင်းဥက္ကဋ္ဌ ဦးသန်းစိန်က Book Club အဖွဲ့ဝင်များအနေဖြင့် စာဖတ်ဝိုင်းများ မကြာမကြာပြုလုပ်ကြဖို့နှင့် အသင်းဝင်သစ်များတိုးပွားရေးတို့အား ဆွေးနွေး ပြောကြားသည်။
ထို့နောက် Book Club အဖွဲ့ဝင်များက စာရေးဆရာ ဒေါက်တာအောင်ကြီးရေးသားသည့် သီးချင်းလူပုံပြင်လူ ငြိမ်းချမ်းလူစာအုပ်ပါအကြောင်းအရာများအား စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါစာအုပ်တွင် ခေါင်းစဉ်ခွဲ ၁၇ ခု၊ စာမျက်နှာ ၁၄၁ မျက်နှာပါရှိကြောင်းသိရသည်။
ဒီပါလင်း