မြစ်သား ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မင်းကုန်းရပ်ကွက်ရှိ မင်းကုန်း(မူလွန်)ကျောင်းတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာမင်းကုန်း (မူလွန်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သက်တင်က ကျောင်းသား/ကျောင်းသူများအား ကျောင်းစည်းကမ်းလိုက်နာရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ယဥ်ကျေးလိမ္မာမှုရှိစေရန် အကြောင်းအရာများကို ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် စာပေဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများတိုးပွားပြီး ဘဝတိုးတက်အောင်မြင်မှုရရှိလာနိုင်ပုံများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအပြင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗဟုသုတများစွာရရှိစေသော အကြောင်းအရာများကိုဟောပြောခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကျောင်းအုပ်ဆရာမကြီးထံ ဗလာစာအုပ်များကို လှူဒါန်းပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ လူငယ်အသိပညာပေးလှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကို အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)