ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများအား မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသကာ မျိုးစေ့ချကိရိယာများပေးအပ်

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများအား မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပေးကာ တောင်သူအသိပညာပေးခြင်းလုပ်ငန်းများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှပေးအပ်ထားသည့် မျိုးစေ့ချကိရိယာ(Seeder)များအား တောင်သူများထံသို့ပေးအပ်ခြင်းကို ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိပြီး ဒီဇင်ဘာလ(၁၃)ရက်နေ့က ဘောလည်ကျေးရွာတွင် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပေးကာ မျိုးစေ့ချကိရိယာ(Seeder)များအား ဒေသခံတောင်သူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဖြိုးဝေစိုးနှင့်အဖွဲ့ဝင်(၂)ဦးအေးဝင်းတို့က တောင်သူများထံသို့ စပါးမျိုးစေ့ချကိရိယာ(Seeder)ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစောဝင်းကိုက စပါးမျိုးစေ့ချကိရိယာ (Seeder)အသုံးပြုရခြင်း အကျိုးကျေးဇူးများကို တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဖြိုးဝေစိုးနှင့်တာဝန်ရှိသူများက မျိုးစေ့ချကိရိယာ(Seeder)များကို ဒေသခံတောင်သူများ အားပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက ဒေသခံတောင်သူများအား မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးကိုလက်တွေ့စိုက်ပျိုးပြသပေးခဲ့ကြပြီး မျိုးစေ့ချကိရိယာ(Seeder)ဖြင့် တောင်သူများစပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များသက်သာခြင်း၊ စပါးကောက်ကွက်ပြည့်မှီခြင်း၊ အတန်းလိုက်ညီညာစွာစိုက်ပျိုးသည့်အတွက် တမန်နိုးရလွယ်ကူကာ ပင်ပွားကောင်းမွန်ခြင်းနှင့် စပါးအထွက်နှုန်းများကောင်းမွန်ကာ မျိုးစေ့နှုန်းထားကုန်ကျမှုစရိတ်များသက်သာစေမည်ဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)