မိုင်းယန်း ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌကိုယ်စား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌ ဦးအောင်ဇင်ဦးက အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ခိုင်မှ အခမ်းအနားပြုလုပ်ပေးအပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်/မြို့နယ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ တောင်သူတစ်ဦးချင်းစီးအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များကို ပေးအပ်ခဲ့ကြပြီး ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာလုပ်ကိုင်သူ တောင်သူများအားလုံးကိုယ်စား ဦးစိုင်းဘိုဘိုလွင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်/ မြို့နယ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ၊ တောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး