မိုင်းခုတ်မြို့၌ မုန်ညင်းပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုများ အပိုဝင်ငွေရရှိ

မိုင်းခုတ် ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ မုန်ညင်းပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုများ အပိုဝင်ငွေရရှိကြောင်း မုန်ညင်းပင်စိုက်ပျိုးရောင်းချသူ ဦးစိုင်း​အေးခမ်းထံမှ သိရသည်။

မုန်ညင်းပင်များကို မိမိခြံမြေအကျယ်အဝန်းပေါ်မူတည်ကာ ၁ပေ×၂​ပေ ရှိသော ပျိုးခင်းတွင် မျိုးစေ့များကိုပျိုး​ပြီး ပျိုးပင် ၂ လက်မခွဲခန့်​ မြင့်လျှင်တစ်ပင်နှင့် တစ်ပင်၊ တစ်တန်းနှင့် တစ်တန်း(၆)လက်မခန့်စီခြား၍ စိုက်ပျိုးနိုင်ကြောင်း၊ မြေကောင်း မြေပွ၊ မြေဆွေးကြိုက်ကြောင်း ၊ အစိုဓာတ်မ​ပြတ်ရန် ​ရေများများလောင်းရကြောင်း၊ စိုက်ပျိုးစရိတ်အလွန်သက်သာကြောင်း၊ စိုက်ပျိုးပြီး ရက်​ပေါင်း ၆၀ မှ ၈၀ အထိ ခူးယူရောင်းချနိုင်ကြောင်း၊ မြေဩဇာအဖြစ် နွားချေးနှင့် မြေဆွေးကို သာအသုံးပြုရ၍ ကုန်ကျစရိတ် အလွန်သက်သာကြောင်း သိရသည်။

မုန်ညှင်းတစ်စီးလျှင်ကျပ် ၅၀၀ ဈေးနှုန်းဖြင့် ရောင်းချရကြောင်း၊ စားသုံးသူများ ကြိုက်နှစ်သက်သည့်အတွက် မုန်ညှင်းစိုက်ပျိုးသူများအနေ​ဖြင့် အပိုဝင်ငွေရရှိကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)