အောင်မြေသာစံ ဒီဇင်ဘာ ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညားပေးဟောပြော ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ရှိ အမှတ်(၃၇)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစီအစဉ်အရ လူငယ်သင်တန်း ကျောင်း၊ကျောင်းအုပ်ကြီး ဦးအေးကျော်က အမှာစကားပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မိုး တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စံပါယ်နှင့် လူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးတို့က ကျောင်းသား၊ကျောင်းသူ လူငယ်များ သိသင့်သိထိုက်သည့် ကစားကဏ္ဍ၊ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့်အထွေထွေသိကောင်းစရာများကိုအသီးသီးပညာပေးဟောပြောကြားကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အခမ်းအနားသို့ ဌာနအသီးသီးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ထို့အပြင် ကျောင်းသား၊ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းကွင်းပြင်၌ လူကုန်ကူးမှု၊ ကလေးအလုပ်သမား၊ မူးယစ်ဆေးဝါးအကြောင်း ပညာပေးနံရံကပ်ပိုစတာများ ပြသပေးထားပြီး သုတ၊ရသ စာအုပ်စာစောင်များကိုဖတ်ရှု လေ့လာစေခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)