သန်လျင်မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ရန်ကုန် ဒီဇင်ဘာ ၁၂

သန်လျင်ခရိုင်၊ သန်လျင်မြို့ရှိ မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ပွဲကို ယနေ့နံနက် (၉)နာရီတွင် သန်လျင်မြို့ မြို့မဈေးကြီး၌ ကျင်းပပြုလုပ်သည်။

အဆိုပါ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လ့ကျင့် သရုပ်ပြဆာင်ရွက်ရာသို့ သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်၊ အဖွဲ့ဝင်သစ် ဗိုလ်မှူးချစ်ညီညီနှင့် အဖွဲ့ဝင်များ၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စျေးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးမောင်နှင့် စျေးဝန်ထမ်းများ၊ စျေးမိစျေးဖများ၊ စျေးသူစျေးသားများ တက်ရောက်ကြသည်။

အစီအစဥ်အရ သန်လျင်ခရိုင် မီးသတ်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မျိုးထွန်း၊ သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မီးသတ်ယာဥ်ဖြင့် ငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ ငြှိမ်းသတ်နည်းများအား ရှင်းလင်းသရုပ်ပြသသည်။ ထို့နောက် မြို့မစျေးကြီးအတွင်းရှိ ရေသွယ်ယူစနစ်မှ လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ ရေ၊ သဲနှင့် အရေးပေါ် မီးငြှိမ်းသတ်ရေးကိရိယာများ ပြင်ဆင်ထားရှိမှုကို မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)