ချမ်းအေးသာစံ ဒီဇင်ဘာ ၁၂
လူငယ်များ ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှု၊ ဉာဏ်ပညာထက်မြတ်မှု၊ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု၊ လူအများရှေ့တွင် ပြောရဲဆိုရဲသည့် အလေ့အကျင့်များ ဖြစ်ပေါ်လာစေရေး၊ အတွေးအခေါ် မှန်ကန်ရေး၊ နှုတ်မှုစွမ်းရည် တိုးတက်စေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်း လူငယ်လူရွယ်များ ဖြစ်ပေါ်စေရန် ရည်ရွယ်ကာ ချမ်းအေးသာစံမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန အမှတ်(၂၃) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၉) နာရီက ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းတွင် အမှတ်(၂၃) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့် အဖွင့်အမှာစကား ပြောကြားပြီး ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင် ဦးဆောင်ကာ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/ကျောင်းသူ (၆)ဦးက လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေး၊ အမျိုးသမီးငယ်များနှင့် မိန်းကလေးများ၏ အခန်းကဏ္ဍ စသည့် ကဏ္ဍများကို ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက ပြန်လည်ဆွေးနွေးမေးခွန်းများ မေးမြန်း၊ ဖြည့်စွတ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)