လင်းခေးတွင် မဲစာရင်းနှင့် မဲလက်မှတ်များ ကိုက်ညီမှန်ကန်မှု ရှိမရှိ ထပ်မံကြည့်ရှုစစ်ဆေး

 

လင်းခေး    အောက်တိုဘာ ၂၆

၂ဝ၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ မဲစာရင်းပြုစု ထားရှိခြင်းနှင့် မဲလက် မှတ်များ ကိုက်ညီမှန်ကန်မှုရှိမရှိ ထပ်မံစိစစ်စစ်ဆေးခြင်းကိုယမန်နေ့နံနက်၁ဝ နာရီကလင်းခေးမြို့၊ မြို့မ ရဲစခန်း တွင် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူတို့က ကွင်းဆင်း ဆောင်ရွက် ခဲ့ကြ ကြောင်း သိရသည်။

  ကွင်းဆင်းစစ်ဆေးရာတွင် လင်းခေးခရိုင်၊လင်းခေးမြို့နယ်၏ မဲလက်မှတ်များ ပြုစု ထားပြီး တိကျ မှန်ကန်စွာရှိရေးအဓိကရည်ရွယ်လျက် ယခုကဲ့သို့  ထပ်မံစိစစ်ဆောင်ရွက်ခဲ့ကြရခြင်းဖြစ်ပါကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးစိုင်းခမ်းလှိုင်က ပြောပါသည်။

ကျွန်တော်တို့ မြို့နယ်က မဲဆန္ဒရှင်ပြည်သူတတွေ မဲပေးကြရမည့်ရက်က တအားနီးကပ်ပါပြီ”“အဲအခါမှာ ကျွန်တော်တို့ပြုစုထားပြီး မဲပေးပိုင်ခွင့်ရှိသူပြည်သူတွေရဲ့မဲစာရင်း နှင့် မဲလက်မှတ် အရေအတွက် မှန်မှန် ကန်ကန် ဖြစ်စေရေး”” ပြည့်စုံမှန်ကန်ပြီးတဲ့မဲစာရင်းလက်မှတ်များအရ လင်းခေးမြို့နယ် ပြည်သူ တွေ မဲပေးနိုင်ကြဖို့ အတွက် အခုလို လာရောက်စစ်ဆေးကြည့်ရှုခဲ့ကြခြင်းဖြစ်ပါတယ်..”ဟု ၄င်းက ပြောကြား ခဲ့ကြောင်း၊ ထပ်မံစိစစ်ခြင်းများပြုလုပ်အပြီး လင်းခေးမြို့နယ်၏ မဲစာရင်း (၂၆၄၂၅)ဦးနှင့် မဲလက်မှတ်များ ရရှိထားခြင်း မှန်ကန်မှုရှိပါကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

အဆိုပါစစ်ဆေးရာတွင် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် တာဝန်ရှိသူများ၊ လင်းခေး ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင်ဒေါ်နန်းခင်ရီနှင့် အဖွဲ့ဝင်များ ၊မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဌနှင့် ဒုတိယ ဦးစီးမှူးဒေါ်အယ်လ်ခွန်းမိုင်တို့ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

စိုင်းဇော်လတ်(လင်းခေး)