ပုဗ္ဗသီရိမြို့နယ် အောင်သာယာရပ်ကွက်တွင် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၂

ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်လဝကမှူး ဦးမြတ်စည်သူ ပါ ၅ ဦးတို့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း နေထိုင်သူ အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင်သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အေးမြင့်သာယာအုပ်စု၊ ဝက်ကုန်းကျေးရွာရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူ အမှန် ကျား ၃၅ ဦး၊ မ ၂၄ ဦး စုစုပေါင်း ၅၉ ဦးတို့အားကောက်ယူခဲ့ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူသည့်လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)