မင်္ဂလာတောင်ညွန့်မြို့နယ် ဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးစစ်ဆေးခြင်းများ ဆောင်ရွက်

မင်္ဂလာတောင်ညွန့် ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်၊ မင်္ဂလာမွန်စျေး၊ ရွှေမင်္ဂလာစျေး၊ မင်္ဂလာစျေးသစ်၊ ရွှေပြည့်စုံစျေးတို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းတို့ကို ယနေ့နံနက် (၁၀:၃၀)နာရီတွင် လိုက်လံစစ်ဆေးမှု ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဌေးလင်းဦး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဟိန်းဇေယ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းထွန်း၊ မြို့နယ်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှ AE ဦးကျော်နိုင်အုန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ပြည့်ဖြိုးကျော်တို့ပါဝင်သော ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ အရေးပေါ် မီးငြှိမ်းသတ်ရေးပစ္စည်းများနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေးစနစ်များအား စစ်‌ဆေး၍ ဈေးများနှင့်ပတ်သက်၍ လိုအပ်သည့် မီးဘေးလုံခြုံရေးဆိုင်ရာ အကြံပြုချက်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)