ဗန်းမော်မြို့ အ.ထ.က(ခွဲ) အ.လ.က (၃)ကျောင်းတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ဗန်းမော် ဒီဇင်ဘာ ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးကို ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ()နာရီခွဲခန့်က အ.ထ.က(ခွဲ)၊ အ.လ.က(၃) မေတ္တာခန်းမတွင် ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါတင်က အဖွင့်အမှာစကားပြောကြားပြီး ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက "ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ကျောင်းစာအပြင် ပြင်ပ ဗဟုသုတရရှိမည့် စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကျင်းပ ရခြင်းဖြစ်ကြောင်း" ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ အ.ထ.က(ခွဲ) အ.လ.က(၃) ကျောင်းမှ ကျောင်းသားကျောင်းသူများဖြစ်ကြသည့် Grade-11 ကျောင်းသား  မောင်ဘရန်ဂျာက "လူငယ်နှင့်မူးယစ်ဆေးဝါး"  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မဒေဘောရာက  "လူငယ်နှင့်စာဖတ်ခြင်း" ခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ခန့်လွင်အောင်က "လူငယ်နှင့်ပညာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျေင်းသူ မကရိန်ဆိုင်းအိန့်ပန်က "လူငယ်နှင့် စိတ်ဓာတ်ခွန်အား" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင် ဆွေးနွေးသူ ဦးအောင်ကျော်ထွန်းက စကားဝိုင်းနှင့် ပက်သက်၍ နိဂုံးချုပ်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။              

ခရိုင်ပြန်/ဆက်