ကော့မှူးမြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် မိုးစပါးများ စတင်ရိတ်သိမ်း

ကော့မှူး ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပံ့ပိုးသည့် သွင်းအားစုများရယူ၍ ကန်ထရိုက်လယ်ယာစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော ခရိုက္ခနိကျေးရွာ ကွင်းအမှတ်(၅၂၃) တောင်သူ ဦးဇော်ဟန်၏ လယ်၌ ဒီဇင်ဘာ ၉ ရက် နံနက် ၁၁ နာရီက မိုးစပါးရိတ်သိမ်းနေကြောင်း သိရသည်။

အဆိုပါ မိုးစပါးရိတ်သိမ်းမှုအခြေအနေကို ကော့မှူးမြို့နယ် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုထွေးနှင့်ဝန်ထမ်း များ၊ မြို့နယ်သမဝါယ အသင်းစုမှ အမှုဆောင်များ ၊အောင် နိုင်သစ္စာကုမ္မဏီမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးပြီး တောင်သူ ဦးဇော်ဟန်၏ လယ်မြေဧက ၂၀ စံကွက်အား ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အထွက်နှုန်း (၇၅)တင်းထွက်ရှိကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် အသင်း လေးသင်းဖြစ်သော ထန်းတပင် စိုက်‌/ထွေ၊ ခရိုက္ခနိ လယ်/ထွေ၊ ကြာကန်လယ်/ထွေ၊ ရေဖြူတွင်း လယ်/ထွေတို့ဖြင့် အသင်းသား (၁၅၈)ဦး၊ စိုက်ဧက (၁၈၄၃)ဧကအား နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးသည့် သွင်းအားစုများ ရယူ၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)