သပိတ်ကျင်း အောက်တိုဘာလ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှစ်ဦး ယနေ့နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ရပြီဖြစ်ကြောင်း သပိတ်ကျင်းမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။
အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာနှစ်ဦးမှာ လက်ပန်ကုန်းကျေးရွာမှ အသက်(၂၁)နှစ်နှင့် (၂၅)နှစ် အမျိုးသမီးလူနာနှစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် စက်ရုံလုပ်ငန်းမှ ပြန်လာသူများဖြစ် ကာ သပိတ်ကျင်းမြို့နယ်၊ လက်ပန်ကုန်းကျေးရွာတွင် အသွားအလာကန့်သတ်ထားရှိပြီး ၎င်းတို့နှစ်ဦး၏ Swab နမူနာရယူစစ်ဆေးရာ ရောဂါပိုးတွေ့ရှိသဖြင့် အောက်တိုဘာ (၁၃)ရက်နေ့က သပိတ်ကျင်းမြို့၊ ပြည်သူ့ဆေးရုံးတွင် တက်ရောက်ခဲ့ပြီး ယနေ့တွင် လူနာနှစ်ဦးမှာ ရောဂါပျောက်ကင်းပြီဖြစ်၍ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆေးရုံမှဆင်းခွင့်ရခဲ့ပြီး ၎င်းတို့၏နေအိမ်တွင် (၇)ရက် အသွားအလာကန့်သတ်ထားရှိမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သပိတ်ကျင်းမြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၃)ဦးတက်ရောက် ဆေးကုသမှုခံယူ နေပြီး နှစ်ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။
စိုးနိုင်ဝင်း(ပြန်/ဆက်)