မိုးမိတ် အောက်တိုဘာ ၂၆
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ များနှင့် မဲရုံမှူး၊ဒုမဲရုံမှူး ၊မဲရုံအဖွဲ့ဝင် များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့ နံနက် ၈ နာရီ အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ ဦးမင်းလွင်က မဲရုံမှူး၊ ဒုမဲရုံမှူး ၊မဲရုံအဖွဲ့ဝင် များ အား ရွေးကောက်ပွဲမတိုင်ခင် လုပ်ဆောင်ရမည့် ကြိုတင်ပြင်ဆင်မှု များ၊ မဲပေးခြင်း လုပ်ငန်း အဆင့်ဆင့် နှင့် ဆောင်ရန်၊ရှောင်ရန်များ ၊ မသန်စွမ်းသူများ၊ အကူ အညီလိုအပ်နေသူ မဲဆန္ဒရှင်များ ဆန္ဒမဲပေးခြင်း အဆင့် ဆင့် တို့နှင့် မဲရုံပိတ်ခြင်း ၊မဲ ရေတွက်ခြင်း၊ပယ်မဲ၊ခိုင်လုံမဲ ပေးခြင်းတို့ကို လက်တွေ့ သင်တန်း ပေးပို့ချ သွားမည် ဟု ပြော ကြားခဲ့သည်။
ယခုဖွင့်လှစ်သောသင်တန်းတွင် မိုးမိတ်မြို့နယ်ရှိ မဲရုံပေါင်း (၆၈ )ရုံတွင် တာဝန်ထမ်း ဆောင်မည့် မဲရုံမှူး၊ ဒုတိယ မဲရုံမှူး (၁၉၄) ဦး တက်ရောက်ကြမည်ဖြစ်ပြီး ကိုဗစ် - ၁၉ ရောဂါ ကူးစက် ပြန့်ပွား မှုဖြစ် ပွားနေစဉ် ကာလ အတွင်း ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ သင်တန်းသား များအား သုံးသုတ်ခွဲ၍ ပို့ချပေး သွားမည် ဖြစ်ကြောင်း ၊ မိုးမိတ်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေမှာ( ၄၇၀၀၀) ကျော်ခန့် ရှိကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)