တံတားဦးမြို့နယ်၌ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ မဲပုံးနှင့် မဲရုံသုံးပစ္စည်းများထုတ်ပေး

တံတားဦး အောက်တိုဘာ  ၂၆

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံပြုရန်အတွက် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများထံသို့ ယနေ့မွန်းလွဲ()နာရီက စတင်ထုတ်ပေးကြောင်းသိရသည်

မဲရုံသုံးပစ္စည်းများကို ထုတ်ပေးရာတွင် မဲပုံး ရွေးကောက်ပွဲနှင့်ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်များ လုံခြုံရေးကြိုး အမှန်ခြစ်တံဆိပ်တုံး မဲလက်မှတ်စာအိတ်ကြီး မဲလက်မှတ် စာအိတ်သေး ပုံစံ-၁၃စာရွက်  မဲစာရင်းပုံစံ() ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းစာအုပ်များ စသည့် ပစ္စည်းများကို ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ ထုတ်ပေးကြောင်း သိရသည်

တံတားဦးမြို့နယ် အနေဖြင့် မဲရုံပေါင်း(၂၀၄)ရုံတွင် မဲရုံသုံးပစ္စည်းအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအညီ မဲဆန္ဒနယ်မြေအလိုက် ထုတ်ပေးကြောင်း အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများကို အောက်တိုဘာလ(၂၉)ရက်နေ့မှ နိုဝင်ဘာလ()ရက် နေ့ အထိ ကြိုတင်မဲများပေးနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကောက်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းထွန်းနိုင် ထံမှသိရသည်

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)