နွားထိုးကြီးမြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

နွားထိုးကြီး ဒီဇင်ဘာ ၈

မြင်းခြံခရိုင်၊ နွားထိုကြီးမြို့တွင် (၁၀၃)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ အောင်သူရိန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား၊ မြို့နယ်ပညာရေးမှူး ဦးဝင်းဦးမှ ဖတ်ကြားပြီး၊ (၁၀၃)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား၊ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့သည်။ မြို့မအခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဖျော်ဖြေပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ (၁၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်