မဟာအောင်မြေ ဒီဇင်ဘာ ၈
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အမှတ်(၁၃) (အ.ထ.က)ကျောင်း၌ (၁၀၃) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ ဗိုလ်မှူးဆွေလွင်အောင်၊ အဖွဲ့ဝင် (၂) ဦးထွန်းထွန်းဝင်း၊ အတွင်းရေးမှူး ရဲမှူးဝင်းကျော်အောင်၊ မြို့နယ်ပညာရေးမှူး ဦးလှမြင့်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လုံးဝင်းနှင့် ဆရာ/ဆရာမများ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းနားအားအစီစဥ်(၃)ရပ်ဖြင့် ကျင်းပခဲ့ရာ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာတွင်ပါရှိသည့် "ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့" တွေကြုံခဲ့ရသော သမိုင်းဖြစ်စဉ်များအပေါ် စင်ခန်းစာယူကာ တန်ဖိုးမဖြတ်နိုင်သည့် ငြိမ်းချမ်းရေးအမွေအနှစ်ကို မျိုးဆက်သစ် လူငယ်များထံ လက်ဆင့်ကမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စသည့်အချက်အလက်များ ပါဝင်သည့်သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးမှဖတ်ကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း