တာချီလိတ်မြို့ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော်မှမြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆေးရုံ ဆေးခန်း များသို့ ကိုဗစ်-၁၉ ကာကွယ်ရေးဆေးပစ္စည်းမျိုးစုံ ထောက်ပံ့လှူဒါန်း

 

တာချီလိတ် အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတောမှ  မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူ့ဆေးရုံ/ဆေးခန်းများ၊ ဘုန်းတော်ကြီး စာသင်တိုက်များ၊ သီလရှင် စာသင်တိုက်များနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ကိုဗစ်-၁၉ ကာကွယ်ရေးဆေးပစ္စည်းမျိုးစုံ ထောက်ပ့ံပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့က ကမ္မဋ္ဌာန်းကျောင်းတိုက်၌ပြု လုပ်ခဲ့ကြကြောင်းသိရှိရသည်။

ကိုဗစ်-၁၉ ကာကွယ်ရေး ဆေးပစ္စည်းမျိုးစုံ ၁၆ မျိုးကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူ့ဆေးရုံနှင့် ဆေးခန်းများ၊ ဘုန်းတော်ကြီး စာသင်တိုက်များ၊ မယ်သီလရှင် စာသင်တိုက်များနှင့် လူမှုကူညီရေးအသင်း အဖွဲ့များ စုစုပေါင်း ၅၂ နေရာသို့ တန်ဖိုးငွေကျပ် သိန်းပေါင်း(၁၇၁၄)သိန်းကျော် တန်ဖိုးရှိ ကာကွယ်ရေး ဆေးပစ္စည်း များကို တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ဆရာတော်ဘုရားသည် တာချီလိတ်မြို့ မိုးကုတ်ရိပ်သာ၌ Quarantine ဝင်လျက်ရှိသော (၁၁၁) ဦး အတွက် နံနက်စာ ၄ ရက် ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရသည်။

ထို့နောက် တာချီလိတ်မြို့(အခြေချ)စစ်ဗျူဟာ၊စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသော်ဇင်ဦး၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရဲနိုင်အောင်၊ခရိုင်လဝကမှူး ဦးဆွေမြင့်၊မြို့နယ် အုပ်ချုပ် ရေးမှူး ဦးချမ်းမြေ့စောနှင့်မြို့မိမြို့ဖများ အလှူရှင်များကဆရာတော်ဘုရားအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)