မိုင်းတုံမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းစွမ်းရည်မြှင့် ဆင့်ပွား သင်တန်းဖွင့်

 

မိုင်းတုံ အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊မိုင်းတုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက် နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ယူကြမည့် ဆရာ/ဆရာမများအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစွမ်းရည်မြှင့် ဆင့်ပွား သင်တန်း ကို ယမန်နေ့ နံနက်(၈)နာရီခွဲက အ.ထ.က မိုင်းတုံကျောင်းရှိ စာသင်ခန်း၌ ဖွင့်လှစ်ခဲ့သည်

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်က ၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မိုင်းဆတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဌ ဦး‌စိုင်းတူးက မဲရုံမှူး၊ဒုမဲရုံမှူးများ လုပ်ငန်း စွမ်း ရည်မြှင့်သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းကို နည်းပြ(၇)ဦးက မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်မည့် သင်တန်းသား/သူ (၁၂၈) ဦးအား တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲပေးပုံအဆင့်ဆင့်၊ ဆန္ဒမဲရေတွက်မှုများ၊ ကျန်းမာရေးနှင့်လုံခြုံရေး၊ မဲရုံ တည်နေရာ အခင်းအကျင်း၊ မဲစာရင်းစစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူ၊ စသည့်သင်ခန်းစာများကို စာတွေ့ လက်တွေ့ဖြင့် တစ်ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)