ရပ်စောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကမဲပုံးနှင့်မဲရုံသုံးပစ္စည်းများထုတ်ပေး

 

ရပ်စောက်      အောက်တိုဘာ   ၂၆

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်စောက်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ ကျေးရွာ အုပ်စုရှိရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ မဲရုံသုံး ပစ္စည်း (၃၁)မျိုးကို ယမန်နေ့ နံနက်(၁၀)နာရီက စတင် ထုတ်ပေးကြောင်း သိရှိရသည်။

ထိုသို့ မဲရုံသုံးပစ္စည်းများကိုထုတ်ပေးရာတွင် မဲပုံး၊မဲလက်မှတ်၊ခြင်းတောင်း၊ဆန္ဒပြုခန်း၊ လုံခြုံရေးကြိုး၊ ဗွီနိုင်း၊ ဆလာအိတ်များနှင့်လျှပ်စစ်မီးမရရှိသည့် မဲရုံများအတွက်မီးအိမ်အစရှိသော မဲရုံသုံးအတွက် လိုအပ် ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဌ နှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ပြီး ကျန်ရှိသော မဲရုံများအတွက် မဲရုံသုံးပစ္စည်းများကို အောက်တိုဘာ ၂၆ ရက်နေ့တွင် ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ရပ်စောက်မြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု(၃၂)အုပ်စုနှင့် မဲရုံပေါင်း(၈၄)ရုံရှိပြီး၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ တစ်သိန်းတစ်သောင်းကျော် ရှိကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး တာဝန်ရှိသူထံမှ သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)