Quarantine Center များကို စောင့်ရှောက်မှုပေးနေသော စေတနာ့ဝန်ထမ်းအဖွဲ့ကို ခေါက်ဆွဲခြောက်ထုတ် များ ထောက်ပံ့

 မလိူင်၊ အောက်တိုဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ အထက မလှိုင်မြို့နှင့် ပြည်သူဆေးရုံရှိ Quarantine Center များမှ လူနာ များကို စောင့်ရှောက်မှုပေးနေသောစေတနာ့ဝန်ထမ်းအဖွဲ့(၂) ဖွဲ့ကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ ခေါက်ဆွဲခြောက်ထုတ်များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည် ။  

ပေးအပ်ပွဲတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုး က Fasility Quarantine Center ကိုကူညီစောင့်ရှောက်ပေးနေသော လူမှုရေးအဖွဲ့(၂)ဖွဲ့ကို မြို့နယ်မှ တတ်နိုင် သ၍ ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည် ။ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်ဆရာဝန်ကြီး‌ ဒေါက်တာနေမင်းမျိုးထွန်း ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇေယျာအောင်နှင့် တာဝန်ရှိ သူများက ခေါက်ဆွဲခြောက်ထုပ်များကို ပေးအပ်ခဲ့ရာ စေတနာ့ဝန်ထမ်း Saving Mahlaing  နှင့် QCSG အဖွဲ့တို့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည် ။

မလှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် Quarantine Center ပေါင်း(၃၀ ) ခု ရှိပြီး အဆိုပါ Quarantine Center များတွင် ကျား(၈၇)ဦး ၊မ (၃၅) ဦးစုစုပေါင်းလူဦးရေ (၁၂၂ ) ဦးရှိကြောင်း သိရ သည် ။                                                                                                               

အောင်ဌေး(မလိူင်)