ကိုဗစ်-၁၉ ကာလ အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများအား အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုး လိုက်လံ ထောက်ပံ့ပေးအပ်

ရန်ကုန် အောက်တိုဘာ ၂၅

ကိုဗစ်-၁၉ Stay at home ကာလ အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများ စားသောက်ရေး အဆင်ပြေစေရန် အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွက်များ အတွင်းရှိ အခြေခံ လက်လုပ် လက်စား အိမ်ထောင်စု များထံ အခြေခံစားသောက်ကုန်ပစ္စည်း ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်(၅)မျိုးတို့ကို သင်္ဃန်းကျွန်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီ နာယကများဖြစ်သော သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း၊ အမှတ်(၁)တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်တို့ ဦးဆောင်၍ စေတနာရှင်ပြည်သူများ၏ စုပေါင်း လှူဒါန်းငွေများဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူကာ လိုက်လံ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ထိုသို့လိုက်လံပေးအပ်ရာတွင် ယမန်နေ့က သင်္ဃန်းကျွန်းမြို့နယ် သွပ်ဝိုင်းကြီးရပ်ကွက်၊ (င/ခ)ရပ်ကွက်၊ (သုဝဏ္ဏ-၂၄) ရပ်ကွက်၊ (ဆ/က)ရပ်ကွက်တို့ရှိ အခြေခံလက်လုပ်လက်စား အိမ်ထောင်စု‌ပေါင်း(၂၈၂)စုထံ အခြေခံ စားသောက်ကုန်များ လိုက်လံဝေမျှပေးခဲ့ကြပြီး ကျန်ရပ်ကွက်များသို့လည်း ဆက်လက်‌ထောက်ပံ့‌ပေးအပ် သွားမည်ဖြစ်‌ကြောင်း သိရသည်။

ရဲမင်းထွန်း(ပြန်/ဆက်)