ပုဗ္ဗသီရိ ဒီဇင်ဘာ ၆
ပုဗ္ဗသီရိမြို့နယ် ရေပြာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က နေ့ထူးနေ့မြတ်များရှိသည့်အနက် အမျိုးသားနေ့သည် မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုတွင် အရေးပါခဲ့သည့် နေ့တစ်နေ့ဖြစ်ပြီး အမျိုးသားနေ့စတင်ခဲ့ပုံများ၊ အမျိုးသားပညာရေးကျောင်းများ ဖွင့်လှစ်ခဲ့ပုံနှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံများကို အသိပညာပေးဟောပြောခဲ့သည်။
သန်းသန်းနွယ်(ပုဗ္ဗ)