လားရှိုးဒေသထွက် စောင်းလျားသီး (Star Fruit)များ ဈေးကွက်အတွင်း ရောင်းအားကောင်း

လားရှိုး ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးဒေသထွက် စောင်းလျားသီး (Star Fruit)များ ဈေးကွက်အတွင်း ရောင်းချနေပြီဖြစ်ပြီး ရောင်းကောင်းလျက်ရှိနေကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်းတွင် စောင်းလျားသီးကို တစ်ပိုင်တစ်နိုင်သာ စိုက်ပျိုးရောင်းချလေ့ရှိကြပြီး စောင်းလျားသီးသုံးလုံးလျှင်  ငါးရာကျပ်ဈေးရှိကြောင်း သိရသည်။

စောင်းလျားသီးသည် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သည့် ဗီတာမင်-စီ ၅၇ ရာခိုင်နှုန်း ထိပါရှိပြီး အရေပြား၊ ဆံသားနှင့် လက်သည်းခြေသည်းများအတွက် လိုအပ်သည့် ကော်လာဂျင်များကိုလည်း လုပ်ဆောင်ပေးခြင်း၊ ဓါတ်တိုးပစ္စည်းများကြောင့် ခန္ဓာကိုယ်မထိခိုက်စေရန် ကာကွယ်ပေးခြင်း၊ အမျှင်ဓါတ်ကြွယ်ဝခြင်းကြောင့် အစာခြေစနစ်ကိုလည်း ကောင်းမွန်နေစနိုင်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)