မိတ္ထီလာ ဒီဇင်ဘာ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက် ပထမကျော်ဓမ္မာစရိယကျောင်းတိုက်အတွင်း ရှေးမင်းများ တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်မြစည်းခုံစေတီတော်၏ (၆၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ ပထမကျော်ဓမ္မစရိယကျောင်းတိုက် ဦးစီးပဓနနာယကဆရာတော်နှင့် ပင့်သံဃာတော် ၁ဝ၈ ပါးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် ဇနီးဒေါက်တာစောမြင့်ထူး၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်မြသန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝန်ဇင်းရပ်ကွက်နှင့် ရပ်နီးရပ်ဝေးမှ စေတနာရှင်ကုသိုလ်ရှင်များက ဆွမ်းဆန်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လောင်းလှူကြသည်။ ထို့နောက် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ ပထမကျော်ဓမ္မစရိယ ကျောင်းတိုက်ဦးစီးပဓနနာယကဆရာတော် ဘဒ္ဒန္တသီလာစာရထံမှ ရေစက်အနုမော ဒနာတရားတော်များကို စုပေါင်းနာယူခဲ့ကြကြောင်း သိရသည်။
ချမ်းသာ