တံတားဦး အောက်တိုဘာ ၂၅
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် PPE ဝတ်စုံများ နှင့် အထောက်အကူပြုပစ္စည်းမျာကို တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့ နံနက် ၉ နာရီခွဲက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ပစ္စည်းများ လှူဒါန်းရာတွင် မန္တလေးမြို့ AIR Mobile မှ PPE ဝတ်စုံ(၅၀)စုံ၊ နမ့်ခမ်း ကျောင်းအုပ် ဆရာကြီးမှ PPE ဝတ်စုံ(၁၀)စုံ၊ တံတားဦးမြို့ အိမ်သစ်တန်းရပ်မှ ဒေါ်ဝင်းမြမှ PPE ဝတ်စုံ(၁၀)စုံ၊ ရေလည်ရပ် ဦးမင်းနိုင်နှင့်ဇနီး ဒေါ်သီသီအောင် မိသားစုမှ PPE ဝတ်စုံ(၁၀)စုံ၊ ဦးစောလှမင်းနှင့်ဇနီး ဒေါ်ရီရီဝင်း (OUR-ပုံနှိပ်တိုက်)မှ PPE ဝတ်စုံ(၁၀)စုံ၊ ကွက်သစ်ရပ် ဦးစိုးစိုးနှင့်ဇနီးဒေါ်မြင့်မြင့် မိသားစုမှ PPEဝတ်စုံ(၁၀)စုံ၊ သုဝဏ္ဏဗုဒ္ဓရက္ခိတအဖွဲ့မှ PPE ဝတ်စုံ(၁၀)စုံ စုစုပေါင်း PPE ဝတ်စုံ (၁၁၀)စုံကို လည်းကောင်း၊ ဦးရွှေနိုင်ဦးနှင့်ဇနီးဒေါ်မွန်မွန်ဆွေ (Highway-ဆောက်လုပ်ရေးလုပ်ငန်း) မိသားစုမှ ငွေကျပ်ငါးသိန်းတန်ဖိုးရှိ လူနာစောင့်ထိုင်ခုံ(၁၁)ခုံကိုလည်းကောင်း၊ တံတားဦးမြို့ အိမ်သစ်တန်းရပ်နေ ဇွဲလှမာန် မိသားစုမှ အောက်ဆီဂျင်(၂)လုံးကိုလည်းကောင်း အသီးသီးလာရောက်လှူဒါန်းကြရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ လိုအပ်သော ကျန်းမာရေးအထောက် အကူပြုပစ္စည်းများကို လာရောက်လှူဒါန်းကြသော အလှူရှင်များကို ကျေးဇူးတင်ရှိပါ ကြောင်းနှင့် ကျန်းမာရေးလုပ်ငန်း များလုပ်ဆောင်ရာတွင် စနစ်တကျအသုံးပြု သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)