လသာမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်

 

လသာ အောက်တိုဘာ ၂၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊  လသာမြို့နယ်    ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကကြီးမှူး၍ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်      မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီက ရန်ကုန် သူနာပြုသင်တန်းကျောင်း ခန်းမဆောင်၌    ကိုဗစ်-၁၉ ရောဂါ   ထိန်းချုပ်ရေး စည်းကမ်း ချက် များနှင့်အညီ ဖွင့်လှစ်ပို့ချပေးသည်။

ရှေးဦးစွာ လသာမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထွေးချစ် က အဖွင့်အမှာစကားပြောကြားကာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ     ဦးအောင်မြင့်က အမှာစကားပြောကြားခြင်းနှင့် မြို့နယ်ပညာရေးမှူး   ဒေါ်စုစုခိုင်  က   သင်တန်းဖွင့်လှစ်ခြင်း ကိစ္စနှင့် စပ်လျဉ်း၍     ရှင်းလင်းတင်ပြသည်။

အဆိုပါသင်တန်းကို   လာမည့် ရွေးကောက်ပွဲကာလအတွင်း လသာမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား သင်တန်းနည်းပြများအဖြစ် မြို့နယ်    အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များက   ရွေးကောက်ပွဲ နည်းဥပဒေဆိုင်ရာများ၊  မဲရုံ  ကြိုတင်ပြင်ဆင်    ခြင်း၊ ရပ်/ကျေးကော်မရှင်  အဖွဲ့ခွဲများ မှ စာရွက်စာတမ်း၊ ဆက်စပ်ပစ္စည်းများ လွှဲပြောင်းလက်ခံခြင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲစာရင်းစစ်ဆေး သူများ၏     လုပ်ငန်းတာဝန်များ၊  မဲလက်မှတ်ထုတ်ပေးသူ၊  လုံခြုံရေးနှင့် မင်တို့သူတို့၏ ဆောင်ရွက်ရမည့်  လုပ်ငန်းများ၊   ပုံစံ(၁၆)   လက်တွေ့ လေ့ကျင့်ဆောင်ရွက်ခြင်းနှင့်   မဲရုံ မဖွင့်မီ၊  မဲရုံဖွင့်ချိန်မှ   ပိတ်သိမ်းချိန်ထိ မဲရေတွက် ထုပ်ပိုးခြင်းနှင့်  စနစ်တကျ  အပ်နှံခြင်းဆိုင်ရာ   မဲရုံလုပ်ငန်းစဉ်များအား လက်တွေ့သင်ကြား   ပို့ချ ပေးသွားမည်ဖြစ်ကြောင်း   သိရသည်။

မေသူ(ပြန်/ဆက်)