မိုးကုတ်မြို့နယ် အ.မ.က (အောင်သာယာ​)ကျောင်းတွင် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာနှင့် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုက်ခြင်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မိုးကုတ် ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ရှောလီဝိုင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း (အောင်သာယာ)၌ ယမန်နေ့ နံနက် (၁၀:၃၀) နာရီ အချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာနှင့် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်း (/၂၀၂၃) အသိပညာပေး ဟောပြောပွဲအား ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဒေါ်မြင့်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင်  ကြက်ခြေနီ၏အဓိပ္ပာယ်၊ ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် ရှေးဦးပြုစုခြင်း အခြေခံသဘောတရားများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးဆောင်၍ ကြက်ခြေနီနည်းပြဆရာ/ဆရာမများ လူငယ်ကြက်ခြေနီကော်မတီဝင်များက လူနာဆန်းစစ်ခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အဆိတ်မိခြင်း၊ မူးမေ့ခြင်း၊ ပတ္တီးစီးခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သော သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်း စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ဆက်လက်အသိပညာပေး ဟောပြောသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)