တန့်ယန်း ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့အကြောင်း သိရှိလေ့လာမှတ်သားနိုင်ရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များ ထိန်းသိမ်းတတ်စေရန်အတွက် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစာ လက်ကမ်းစာစောင်အား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်းတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၁၀၃) နှစ်မြောက် အမျိုးသားနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နှုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း၏ (ဖဆပလ) အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ၌ ပြောကြားသည့် မိန့်ခွန်း ကောက်နှုတ်ချက်တို့အပြင် ဆောင်းပါး၊ ကဗျာ၊ ဆောင်ပုဒ်၊ အချက်အလက်များ၊ မှတ်တမ်းဓာတ်ပုံများ ပါဝင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)