ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ကွန်ဟိန်း ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌  ဆေးရောင်ခြယ်ပြိုင်ပွဲအား ယနေ့ နံနက် (၁၀) နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးမှ ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများမှ  ဆေးရောင်ခြယ်ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းနောက် ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ  ပြိုင်ပွဲများအား ကျောင်းသား၊ ကျောင်းသူများ  ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)